Channel K

Channel K Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Channel K, โรงภาพยนตร์, Yangon, .

09/09/2026

ရည်းစားနဲ့ပြတ်ပြီး မော်ဒန် အလုပ်လာလျှောက်တဲ့ ကောင်မလေး

06/09/2026

မက္ကဆီကိုရဲ့ နိုင်ငံကျော် သရဲပုံပြင်တပုဒ်

04/09/2026

ထူးဆန်းတဲ့ရွှေဇွန်းကြောင့် ချမ်းသာလာမဲ့ကောင်လေး
စဆုံး ကောမန့် မှ တဆင့် ကြည့်ရှုနိုင်ပါပြီ




03/09/2026

စဆုံး ကောမန့် မှ တဆင့် ကြည့်ရှုနိုင်ပါပြီ

08/08/2026

မြွေကျွန်းပေါ်မှ ကျန်ရစ်သူများ

#ကောမန့်မှာဇာတ်ကားလင့်ရှိပါတယ်

ဘိုင်ရာဗာမင်းသား ရမ်ချရန်ရဲ့အဖေမင်းသားကြီးချီရန်ဂျီဗီး၊ နာမည်ကြီး တောင်ပိုင်းမင်းသမီးချောတွေဖြစ်ကြတဲ့သမန်းနားနဲ့ ကရီသီဆူ...
07/08/2026

ဘိုင်ရာဗာမင်းသား ရမ်ချရန်ရဲ့အဖေမင်းသားကြီးချီရန်ဂျီဗီး၊ နာမည်ကြီး တောင်ပိုင်းမင်းသမီးချောတွေဖြစ်ကြတဲ့သမန်းနားနဲ့ ကရီသီဆူရက်ရှ်တို့ ပါဝင်ထားကြပြီး
ကုဋေ ၁၀၀၀ ကျော် ဘက်ဂျက်သုံးရိုက်ကူးခဲ့တဲ့ ရုံတင်ကား‌ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းကတော့ မိန်းကလေးတွေ‌ ပျောက်ဆုံးမှုက ကိုလ်ကာတာမြို့ကြီးထဲ တွင်တွင်ကျယ်ကျယ်ကိုဖြစ်နေပါတယ်။

ဝန်ကြီးချုပ်အထိပါခေါင်းခဲရတဲ့ကိစ္စတစ်ခုဖြစ်တာကြောင့် တစ်ချက်အတိမ်းစောင်းမခံဘဲပြစ်မှုရှင်းလင်းရေးရဲ့အတော်ဆုံးအရာရှိကို လွှတ်တာတောင် အသတ်ခံလိုက်ရတဲ့အမှုဆိုတော့ တော်ရုံလူမကိုင်ရဲ ပျောက်ဆုံးမှုတွေဖြစ်မြဲပါပဲ။

ဒီလူ့အကြောင်းပြောရမယ်ဆိုရင် တစ်ပါးလူအပေါ်ဘယ်သူရယ်ဘယ်ဝါရယ်မတွေး ကူညီချင်စိတ်အပြည့်နဲ့ပေါ့

အဖေအမေမရှိတဲ့ သူ့မှာ မိသားစုဆိုလို့ သူ့ညီမလေးမဟာတစ်ယောက်တည်းရှိတယ်
ညီမလေးက သူ့ဘဝရဲ့ အရာရာ‌ပေါ့ ညီမလေးကို တုန်နေအောင်ချစ်တဲ့လူပေါ့ တစ်နေ့ တော့..

လူပျောက်မှုတွေဖြစ်တဲ့မြို့ထဲ အကြောင်းမသိဘဲ သွားတိုက်ခန်းငှားနေမိရာကစ ဘာတွေဆက်မယ်ဆိုတာကတော့....

#ကောမန့်မှာလင့်ခ်ယူပါ👇👇👇

ဒီတစ်ခါမှာတော့ Creation of the Gods Part 1 ရဲ့ အဆက်ဖြစ်တဲ့ ကျန်းကျစ်ယာနဲ့ ကျီးဖားတို့ ရှီးချီပြည်နယ်ကို ကာကွယ် စောင့်ရှေ...
06/08/2026

ဒီတစ်ခါမှာတော့ Creation of the Gods Part 1 ရဲ့ အဆက်ဖြစ်တဲ့ ကျန်းကျစ်ယာနဲ့ ကျီးဖားတို့ ရှီးချီပြည်နယ်ကို ကာကွယ် စောင့်ရှောက်နေကြတဲ့ ဇာတ်လမ်းဆင်းကို ရှုစားကြရမှာပါ။

အဲဒီအချိန်မှာ တန့်ချန်းယွီနဲ့ ဝမ်ကျုံးတို့က စစ်သူကြီး လေးဦးကို ဦးဆောင်ပြီး ရှီးချီကို ထိုးစစ်ဆင်လာကြတဲ့အခါ ယင်းကျောင်း၊ ယန်ကျန်း၊ နီကျားနဲ့ အခြားသော သူရဲကောင်းတို့က ရှီးချီဘက်ကနေ ကူညီဝိုင်းဝန်း ပံ့ပိုးပေးခဲ့ကြပါတယ်။

တစ်ဖက်မှာလည်း ယင်းရှို့ဟာ တန်ခိုးရှိလှတဲ့ "နတ်ဘုရား ခန့်အပ်စာရင်း" ကို ရယူဖို့ ရှီးချီသို့ ရောက်ရှိလာခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက် ပြင်းထန်သော အားပြိုင်မှုတွေ၊ နတ်ဘုရား ခန့်အပ်စာရင်းကို ရယူဖို့ အပြန်အလှန် စိန်ခေါ်ယှဉ်ပြိုင်ကြပုံတွေကိုတော့ ဒီ ဒုတိယအတွဲမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။

#ကောမန့်မှာဇာတ်ကားလင့်ရှိပါတယ်

✈️ အလွဲလွဲအချော်ချော်တွေကြားက ဟာသစုံ ဟန်ဂျောင်အူ ရဲ့ အိမ်ပြန်လမ်း...ဇာတ်လမ်းလေးကတော့ နာမည်ကြီး လေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့...
05/08/2026

✈️ အလွဲလွဲအချော်ချော်တွေကြားက ဟာသစုံ ဟန်ဂျောင်အူ ရဲ့ အိမ်ပြန်လမ်း...

ဇာတ်လမ်းလေးကတော့ နာမည်ကြီး လေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ ဟန်ဂျောင်အူ ဟာ မရည်ရွယ်ဘဲ လုပ်မိလိုက်တဲ့ အမှားတစ်ခုကြောင့် ခဏတာ အလုပ်လက်မဲ့ဘဝ ရောက်သွားခဲ့ရာက စတင်တာပါ။ စားဝတ်နေရေး ခက်ခဲလာတဲ့အခါမှာတော့ သူဟာ မထင်မှတ်ထားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရပါတယ်။

အဲ့ဒါကတော့ ညီမဖြစ်သူ ဟန်ဂျောင်မီ ရဲ့ အမည်ကို အသုံးပြုပြီး အမျိုးသမီးတစ်ယောက်အဖြစ် ဟန်ဆောင်ကာ လေယာဉ်မှူးအလုပ်အသစ် လျှောက်ထားခဲ့တာပဲ ဖြစ်ပါတယ်။

ကံကောင်းစွာနဲ့ပဲ အလုပ်သစ် ပြန်ရသွားခဲ့ပေမဲ့...

အမျိုးသမီးတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး အလုပ်လုပ်ရတဲ့အခါ ဘယ်လိုအလွဲအချော်တွေ ကြုံတွေ့ရမလဲ?
လုပ်ငန်းခွင်မှာရော သူ၏ လျှို့ဝှက်ချက် ပေါ်မသွားအောင် ဘယ်လိုကြိုးစား ရုန်းကန်သွားမလဲ?

ဟာသရသစုံစုံနဲ့ ရိုက်ကူးတင်ဆက်ထားပြီး ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဇာတ်ကားကောင်းလေးမို့ စိတ်လက်ပေါ့ပါးစွာ ကြည့်ရှုဖို့အတွက် ညွှန်းဆိုပေးလိုက်ပါတယ်နော်။ ✨

#အသဲပေးရှဲပေးပြီးကောမန့်မှာလင့်ယူပါ

လူတစ်စုဟာ ထန်မင်းဆက် ခေတ်ဟောင်း သင်္ချိုင်းဂူတစ်ခုကို ဖောက်ထွင်းရာမှာ မဖွင့်သင့်တဲ့ အခေါင်းတစ်ခုကို မှားယွင်းဖွင့်မိလိုက...
04/08/2026

လူတစ်စုဟာ ထန်မင်းဆက် ခေတ်ဟောင်း သင်္ချိုင်းဂူတစ်ခုကို ဖောက်ထွင်းရာမှာ မဖွင့်သင့်တဲ့ အခေါင်းတစ်ခုကို မှားယွင်းဖွင့်မိလိုက်တာကြောင့် ဂူအတွင်းက ငြိမ်သက်နေတဲ့ အလောင်းတွေ အားလုံး ထူးဆန်းစွာ အသက်ဝင် လှုပ်ရှားလာခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ ကံကောင်းထောက်မစွာနဲ့ သင်္ချိုင်းဂူထဲကနေ ပြန်လည်လွတ်မြောက်လာနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဖွဲ့ဝင်တွေဟာ တစ်ယောက်ပြီးတစ်ယောက် ဆန်းကြယ်လှတဲ့ ပဟေဠိဆန်ဆန် ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ကာ သေဆုံးသွားခဲ့ကြပါတယ်။

တစ်ဖက်မှာလည်း ရဲအုပ် ရှန်ချွင်ဟယ် ဟာ သူ့ဆရာရဲ့ မသင်္ကာဖွယ် သေဆုံးမှုအတွက် "တစ္ဆေလက်" လို့ အမည်ဝှက်ပေးထားတဲ့ သင်္ချိုင်းဖောက်ထွင်းသူကို ၃ နှစ်တိုင်တိုင် တောက်လျှောက် စုံစမ်းနေခဲ့တာပါ။

တစ်နေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပြီး သင်္ချိုင်းဖောက်ထွင်းသူတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေရတဲ့ အမှုကို ရဲအုပ်ရှန်တစ်ယောက် တာဝန်ယူ စုံစမ်းရဖို့ ဖြစ်လာတဲ့အခါမှာတော့...

#ကောမန့်မှာလင့်ယူပါ

📺 "အရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ တက်ကြွလာမယ့်" အက်ရှင်ရုပ်ရှင်ကားကြီး...အမြဲတမ်း အနိုင်ကျင့်ခံခဲ့ရတဲ့ ချာဝူဆော တစ်ယောက် မထင်...
03/08/2026

📺 "အရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ တက်ကြွလာမယ့်" အက်ရှင်ရုပ်ရှင်ကားကြီး...

အမြဲတမ်း အနိုင်ကျင့်ခံခဲ့ရတဲ့ ချာဝူဆော တစ်ယောက် မထင်မှတ်ထားတဲ့ အမှားတစ်ခုကြောင့် ထောင်ထဲရောက်သွားခဲ့ရပါတယ်။

ဒါပေမဲ့ ထောင်ထဲမှာလည်း အခက်အခဲတွေ ရင်ဆိုင်ရပြန်တဲ့အခါ ကိုယ်ခံပညာ စက်ဝိုင်းထဲက နာမည်ကြီး ဆရာတစ်ယောက်ဆီမှာ တိုက်ခိုက်ရေးပညာတွေကို ကြိုးစားသင်ယူခဲ့ပါတယ်။

ဝမ်းနည်းစရာအတိတ်ကနေ အင်အားကြီးမားတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲလာပြီး ထောင်တွင်းမှာ ဘယ်လို စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာ အကြမ်းစား ရိုက်ကွက်တွေနဲ့ ကြည့်ရှုရမှာပါခင်ဗျာ။

ရုပ်ရှင်ချစ်သူတွေ အကြိုက်တွေ့စေမှာ သေချာပါတယ်! 🍿✨

#ရှဲပေးပါ #ကောမန့်မှာလင့်ယူပါ

Address

Yangon

11041

Alerts

Be the first to know and let us send you an email when Channel K posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Channel K:

Shortcuts

  • Want your establishment to be the top-listed Cinema?

Share