Moviepedia

Moviepedia We are not more than fans.

31/10/2022

ဘယ်သူမှ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ရွေးချယ်ခွင့်မရှိဘူး
ပြီးတော့ ဘယ်သူမှလဲ မလွတ်မြောက်နိုင်ဘူး
အမှန်တွေ အမှားတွေ မရှိဘူး
ဖြစ်ရမယ်ဆိုတာနဲ့ မဖြစ်ရဘူးဆိုတာပဲရှိတယ်

'sCall

Like & Subscribe
Please!🙏
👇👇👇👇👇
https://youtube.com/channel/UC79GzUlH72RF7Ak7Zyy8B9g

သူခန ရပ်စောင့်နေရင်း စဥ်းစားလိုက်မိတယ် ဒီမိန်းကလေးကိုသူချစ်မိသွားတော့မှာ ဒီမိန်းကလေးကို ချစ်မိရင် သူစိတ်ဟာ ဘုရားသခင်ရဲ့ ...
19/02/2022

သူခန ရပ်စောင့်နေရင်း စဥ်းစားလိုက်မိတယ်
ဒီမိန်းကလေးကိုသူချစ်မိသွားတော့မှာ
ဒီမိန်းကလေးကို ချစ်မိရင် သူစိတ်ဟာ ဘုရားသခင်ရဲ့ ဝိဉာဥ်တော်လို လွတ်လပ်ခြင်းမျိုး မရှိတော့မှာ သူသိနေခဲ့တယ်
သူတစ်ဘဝလုံး ထာဝရပြောင်းလဲသွားတော့မှာ သူသိတယ် ............ဒါပါပဲ
ပြီးတော့ သူကိုယ်သူ လွှတ်ချလိုက်မိပါတော့တယ်
The Great Gatsby

ကျွန်တော် အပြစ်ရှိသလိုခံစားရတယ်..........shindler ချောလဲရောထိုင်ခဲ့လား ကျွန်တော်မသိပါဘူး သေချာတာတော့သူ ဟာ လူ့အသက်ရဲ့ တန်...
12/12/2021

ကျွန်တော် အပြစ်ရှိသလိုခံစားရတယ်..........
shindler ချောလဲရောထိုင်ခဲ့လား ကျွန်တော်မသိပါဘူး သေချာတာတော့သူ ဟာ လူ့အသက်ရဲ့ တန်ဖိုးကို သိတယ်
သူ့ကိုယ်ကျိုးအတွက် အသုံးချခဲ့တယ်ပဲ ဆိုစေတော့သူဟာ လူ့အသက်တစ်ချောင်းရဲ့ တန်ဖိုး ကိုနားလည် တယ်
မနက်နိုးလာတိုင်း လူ့အသက်ကို ကြက်ခလေးငှက်ကလေး သတ်သလို ဝရံတာက နေ အပျင်းပြေသေနတ်နဲ့ ပစ်ပြတဲ့ စစ်ဗိုလ်ကြောင့် ခံပြင်းရွံရှာရသလို
shindler ရဲ့ သူကယ်ခဲ့တဲ့ ဂျူးတွေကိုပြောတဲ့ နှုတ်ဆက် စကားကြောင့် ကျွန်တော် သံဝေက ရရတယ်
ဂျူး လူမျိုးထောင် ပေါင်းများစွာကို ကယ်ခဲ့တာ shindler ကိုယ့်ကိုယ်ကို ဂုဏ်ယူမသွားနိုင်ခဲ့ ကျေနပ် မသွား နိုင်ခဲ့ဘူး
သူအပြစ်ရှိသလိုပဲ ခံစားရတယ်
သူ့ကားကို ရောင်းရင် ဂျူးဘယ်နှစ်ယောက်ကယ်နိုင်မယ်
သူ့ရွှေတွေရောင်းရင် ဂျူးဘယ်နှစ်ယောက် ကယ်နိုင်မယ်ပေါ့ အပြစ်ရှိတယ့် ခံစားချက်ကြောင့် ယောကျ်ားကြီး တန်မဲ့ ကြူကြူပါ ငိုခဲ့ရတယ်
ဂျူး မျိုးဆက် ကို အသက်ဆက်ပေးခဲ့ Shindler ကြီး အပြစ်ကြောင့် ငိုရတယ်..
ကျွန်တော်ဘာမှမလုပ်နိုင်သေး ဘာကောင်မှမဟုတ်တဲ့သူမှာ ဆိုရင်တော့ အပြစ်တွေ ချည်းပါပဲ
သူများလို cdm မလုပ်နိုင်ခင်က အပြစ်ရှိသလိုခံစားရတယ်
cdm လုပ်ပြီးတော့ တော်လှန်ရေးမှာ ထဲထဲ ဝင်ဝင်မပါ နိုင်လို့ အပြစ်ရှိသလိုခံစားရတယ်
တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါနိုင်ပြန်တော့ တစ်ဖက်မှာ စိတ်ကျေနပ်ရသလို တစ်ဖက်မှာလည်း ကိုယ့်ထက်စွန့်လွှတ်ထားတဲ့ ညီလေးတွေ ညီမလေးတွေ အစ်ကိုတွေ အစ်မတွေကြောင့် အပြစ်ရှိသလိုခံစားရတယ်
စာသင် ဆေးကု လုပ်နိုင်တာလေးတွေ လုပ်ပြီး စိတ်ဖြေရသလို တစ်ဖက်မှာလည်း
ဘာမှ မလုပ်နိုင်တဲ့ အချိန်တွေမှာ ပိုက်ဆံရှာ ပြန်လှူရင် ပိုကောင်းမလား တွေးမိရင်း အပြစ်ရှိသလိုခံစားရတယ်
အလှူရှင်တွေ ဆီက အလှူခံရင်း အပြစ်ရှိသလိုခံစားရတယ်
အခုရောက်နေတဲ့ နေရာမှာ လွတ်လွတ်လပ်လပ် သွားလာနေထိုင်နိုင်နေတဲ့အခါ
မြို့ပေါ်မှာ အသက်ရင်းလိုက်ရတာတွေ
အပြင်ထွက်ရင် ဘယ်ချိန် သေနတ်နဲ့ ပစ်ခံရမလဲ ကြောက်နေရတာ တွေ တွေ့ရတဲ့ အခါ
အပြစ်ရှိသလိုခံစားရတယ်.....
တစ်ဖက်က ကမ်းကုန်အောင်ရက်စက်ယုတ်မာနေတဲ့ သူတွေ လူစိတ်ကင်းမဲ့နေပေမယ့် အခြားတစ်ဖက်က ကျွန်တော်တို့မှာ အပြစ်ရှိသလိုခံစားနေရတယ်
အချိန်တန်လို့ တော်လှန်ရေး ပြီးတဲ့အခါ
ကျွန်တော်ဆိုတဲ့ ဖြစ်တည်မှု ရှိနေသေးရင်လည်း အသက်ပေးသွားတဲ့ သူတွေအတွက် အပြစ်ရှိသလိုခံစားရမှာ ဖြစ်သလို
တစ်ဖက်မှာ ကျွန်တော်ဆိုတော့ ဖြစ်တည်မှု မရှိတော့ရင်လည်း ဒီခံစားချက် က ရှိနေအုံးမယ် ထင်ပါတယ်...........
ဗက မဟုတ် ဗလ မဟုတ် သော ဆရာ blade (ခ) ဆရာ ကလေး ဘဝ
မွေးနေ့ အတွေးစများ

ဘဝမှာ လူတစ်ယောက်ကအသိဉာဏ်တိုးဖို့ သတ္တိရှိဖို့ မှန်တဲ့ဖက်က ရပ်တည်ရဲဖို့ စာအုပ်တွေဖတ်ရတယ် ဇာတ်ကားတွေကြည့်ရတယ် ကဗျာတွေဖတ်ကြ...
07/12/2021

ဘဝမှာ လူတစ်ယောက်ကအသိဉာဏ်တိုးဖို့ သတ္တိရှိဖို့
မှန်တဲ့ဖက်က ရပ်တည်ရဲဖို့ စာအုပ်တွေဖတ်ရတယ် ဇာတ်ကားတွေကြည့်ရတယ် ကဗျာတွေဖတ်ကြ
ရွတ်ကြရတယ်
ဇာတ်ကားဟောင်းတွေပြန်ကြည့်ရင်း
အကြိုက်ဆုံး ဇာတ်ကားတွေထဲက
တစ်ကားဖြစ်တဲ့"Scent of A Woman"ထဲက
Col Sender အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Al pacino ရဲ့ speech ကို ကြည့်နေရင်း တွေးစရာတွေပေါ်လာတယ်

Col Sender ပြောတဲ့စကားတစ်ခွန်းက စစ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဥ်က ခြေပြတ်လက်ပြတ်
လူငယ်ပေါင်းများစွာကိုမြင်ခဲ့ရဖူးတယ်
အဲ့လိုလူတွေအတွက် ခြေတုလက်တုတွေ
အစားထိုးပေးလို့ရနိုင်ပေမယ့်
စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်ဆီးပြီး
"စိတ်ဝိညာဉ်ကျိုးပဲ့" နေတဲ့ လူငယ်တွေအတွက်
ခြေတုလက်တုလို အစားထိုးစရာမရှိဘူးတဲ့
သူသုံးသွားတဲ့စကားလုံးက
"Thers is nothing
like the sight of an amputated spirit
There is no prosthetic for that"

ဒီလိုပါဘဲ ခေတ်အဆက်ဆက်မှာ ကျွန်တော်တိုနိုင်ငံမှာ လူငယ်တွေဟာဘယ်တုန်းကမှမတွေဝေခဲ့ဘူး
လူငယ်တွေဟာမိုက်ရူးရဲဆန်ကြတယ်
"လူကြီးတွေအတွက်" အမြင်ရိုင်းကြတယ်
ကိုယ်မှန်တယ်ထင်ရာကို လုပ်ဖို့ဝန်မလေးခဲ့ကြဘူး
မတွေဝေခဲ့ကြဘူး
အဲ့လိုမှဘဲလူငယ်ပီသတယ်လို့ကျွန်တော်မြင်ပါတယ်

လူ့သဘာဝအရ အသက်ကြီးလာတာနဲ့အမျှ
ရထားတဲ့ ရာထူး ဘွဲ့ သာသာယာယာ
ရှင်သန်နေထိုင်နိုင်တဲ့နေရာတွေကို
စွန့်လွှတ်ရမှာကြောက်လာကြတယ်

အဲ့အခါကျ တစ်ချိန်ကလူငယ်ဖြစ်ခဲ့ဖူးတဲ့လူကြီးတွေဟာ ဘာသာရေး စီးပွားရေး လူမှုရေးအကြောင်းမျိုးစုံပြပြီး ကိုယ့်အတွင်းစိတ်မှာဖြစ်ပေါ်လာတဲ့
"amputated spirit" ကိုဖုံးကွယ်ဖို့ အမျိုးမျိုးကြိုးစားကြတော့တယ် တကယ်လဲတရားကျဖို့ကောင်းသလို
ရွံရှာစရာလဲကောင်းလွန်းပါတယ်

ကျွန်တော့အတွက်တွေ ဒီနေ့ Col Sender ရဲ့ speech ကိုပြန်ကြည့်မိရင်းတွေးမိတာကတော့

ဘဝမှာ နေရာ ရာထူး ဘွဲထူးဂုဏ်သိမ် တွေကိုတွယ်ဖက်ပြီး "amputated spirit" နဲ့
လူကြီးတစ်ယောက်အဖြစ်
ရှင်သန်မဲ့အစား
မိုက်ရူးရဲဆန်တဲ့လူငယ်တစ်ယောက်အနေနဲ့ဘဲ
ရှင်သန်သွားမယ်လို့ဆုံးဖြတ်လိုက်တာပါဘဲ

Address

Yangon

Telephone

+959969676761

Website

Alerts

Be the first to know and let us send you an email when Moviepedia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Moviepedia:

Share

Category