Cupid Private Cinema

Cupid Private Cinema Cupid private cinema
လှည်းတန်း Center မျက်နှာချင်းဆိုင်
Ph. 09944085212

စကားမပြောနိုင်ရှာတဲ့ မိခင်ဖြစ်သူ ယာဆိုဒါ ဟာ သူမရဲ့ သားငယ်လေးကို ဆာဘာရီမာလာ ဘုရားဖူးခရီးစဉ်ဆီ ပထမဆုံးအကြိမ် ခေါ်ဆောင်လာခဲ...
22/07/2026

စကားမပြောနိုင်ရှာတဲ့ မိခင်ဖြစ်သူ ယာဆိုဒါ ဟာ သူမရဲ့ သားငယ်လေးကို ဆာဘာရီမာလာ ဘုရားဖူးခရီးစဉ်ဆီ ပထမဆုံးအကြိမ် ခေါ်ဆောင်လာခဲ့ပါတယ်။

ဒါပေမဲ့ မထင်မှတ်ထားတဲ့အဖြစ်အပျက်ကြောင့် ဘုရားဖူးလူအုပ်ကြီးကြားထဲမှာ သားဖြစ်သူနဲ့ ကွဲကွာသွားခဲ့ရုံတင်မကဘဲ မတရား စွပ်စွဲချက်တစ်ခုနဲ့ ထောင်ပါကျသွားခဲ့ရပါတယ်။

မိခင်နဲ့ကွဲသွားတဲ့ သားငယ်လေးကတော့ သူစိမ်းမိသားစု တစ်ခုရဲ့ စောင့်ရှောက်မှုကို ခံရပြီး မိခင်အရင်း ဘယ်သူမှန်းမသိဘဲ ကြီးပြင်းလာခဲ့ရာကနေ နောက်ပိုင်းမှာ စားဖိုမှူးဖြစ်လာခဲ့ပါတယ်။

နှစ်ပေါင်းများစွာကြာပြီးနောက် ထောင်ကလွတ်လာတဲ့ ယာဆိုဒါ ဟာ သူတပါးအိမ်မှာ အိမ်အကူလုပ်ရင်း ပျောက်ဆုံးနေတဲ့ သားဖြစ်သူကို မျှော်လင့်ချက်အပြည့်နဲ့ လိုက်ရှာနေဆဲ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ ရဲအရာရှိတစ်ဦးရဲ့သမီးကနေတဆင့် သူ တို့သားအမိနှစ်ယောက်ရဲ့ ပတ်သက်မှုကို မတော်တဆ သိရှိသွားရာကနေ အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ သားအမိနှစ်ယောက် ပြန်ဆုံစည်းနိုင်ဖို့ ဖြစ်လာတဲ့အခါ မှာတော့...။

အခုတစ်ခေါက်တရုတ် မှုခင်းရုပ်ရှင်ကို တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့-ရွာပျက်တစ်ခုက အိမ်ပျက်တစ်ခုမှာ ကလဲ့စားချေဖိ...
21/07/2026

အခုတစ်ခေါက်တရုတ် မှုခင်းရုပ်ရှင်ကို တင်ဆက် ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့-

ရွာပျက်တစ်ခုက အိမ်ပျက်တစ်ခုမှာ ကလဲ့စားချေဖို့ ပြန် ပေးဆွဲမှုတစ်ခု

ဖြစ်ပွားနေခဲ့ပါတယ်။ ဒီအရာအားလုံးဟာ လိမ်လည်မှု ကြီးတစ်ခုကြောင့် ဖြစ်ခဲ့ရတာပါ။ ပိုင်ဆိုင်မှုရော မိသားစု ရော ပျက်ဆီးပြီး ဒုက္ခရောက်နေတဲ့ ဝမ်ယန့်ထောင်းဟာ ရန်သူကို ကိုယ်တိုင် အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တောနက်ထဲက အိမ်ပျက်မှာ အမှန်တရားကို မေးမြန်းခဲ့ ပြီး တိုက်ပျက်ထဲက ငွေအများအပြားကို တွေ့ရတဲ့အခါ အတိတ်က

အပေါင်းပါတွေဟာ ရန်သူတွေ ဖြစ်သွားခဲ့ပါတယ်။ ဝမ် ယန့်ထောင်းဟာ လူသတ်ဖို့ ဓားမြှောက်လိုက်တဲ့အချိန် မှာ ဘယ်သူကရော လွတ်မြောက်နိုင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်

ူတစ်စုဟာ နဂါးလိုဏ်ဂူထဲကနေနဂါးအရိုးစုမှတ်တမ်း ကိုယူဖိုသွားရင်းသူတိုရဲ့ပခုံးပေါ်မှာသရဲမျက်လုံးကျိန်စာ အသီးသီးပေါ်လာကြတယ်.....
20/07/2026

ူတစ်စုဟာ နဂါးလိုဏ်ဂူထဲကနေနဂါးအရိုးစုမှတ်တမ်း ကိုယူဖိုသွားရင်းသူတိုရဲ့ပခုံးပေါ်မှာသရဲမျက်လုံးကျိန်စာ အသီးသီးပေါ်လာကြတယ်...

ဒီကျိန်စာပြယ်ပျောက်ဖိုဆိုရင်နဂါးအရိုးစုမှတ်တမ်းနဲ့ အတူမုချိန်ပုလဲလုံးကိုရမှသာကျိန်စာပြယ်ပျောက်နိုင်မဲ့ နည်းလမ်းကိုရနိုင်မယ်..ဒီနဂါးအရိုးစုမှတ်တမ်းကနေမု ချိန် ပုလဲလုံးလေးရှိရာနဂါးဝှက်တောင်ကိုဆက်ပြီးချီ တက်ကြတယ်... ဒီခရီးလမ်းတစ်လျှောက်မှာဘယ်လို အန္တရာယ်တွေက စောင့်ကြိုနေမှာလဲ..သူတိုနောက်ဆုံး မှာမုချိန်ပုလဲလုံးလေးကိုယူလာနိုင်ပါ့မလား..

အဓိကဇာတ်ကောင်ဖြစ်တဲ့ အယ်လန် (Ellen) ဟာ လေဖြတ်ဝေဒနာ ခံစားနေရတဲ့ သူ့ရဲ့ မိခင်ကြီး ဗာနာ (Verna) ကို ပြုစုစောင့်ရှောက်ဖို့အတ...
19/07/2026

အဓိကဇာတ်ကောင်ဖြစ်တဲ့ အယ်လန် (Ellen) ဟာ လေဖြတ်ဝေဒနာ ခံစားနေရတဲ့ သူ့ရဲ့ မိခင်ကြီး ဗာနာ (Verna) ကို ပြုစုစောင့်ရှောက်ဖို့အတွက် သူ့ရဲ့ မွေးရပ် မြေ တောရွာလေးဆီ ပြန်လာခဲ့ရပါတယ်။ အယ်လန်ဟာ ဝေဒနာရှင် မိခင်အိုကြီးကို ပြုစုရမယ့်အပြင် တစ်ဖက်မှာ လည်း သူ့အပေါ် စိမ်းကားနေပြီး စိတ်ဝမ်းကွဲနေတဲ့ သူ့ရဲ့ ဆယ်ကျော်သက် သမီးဖြစ်သူ ဟေလီ (Haley) ကိုပါ တစ်ပြိုင်တည်း ထိန်းကျောင်းရတဲ့အတွက် ကြားညှပ်ပြီး အခက်တွေ့ရရှာပါတယ်။ အိမ်လေးတစ်အိမ်ထဲမှာ အဘွား၊ အမေ၊ သမီးဆိုတဲ့ အမျိုးသမီးသုံးယောက်သား အတူတူရုန်းကန် နေထိုင်ရင်းနဲ့... အတိတ်က နားလည်မှု လွဲခဲ့တာတွေ၊ စိတ်ဝမ်းကွဲခဲ့တာတွေကို ဘေးဖယ်ပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမျိုး ပြန်လည်နီးစပ် အောင် ကြိုးစားကြမလဲ၊ ဘယ်လို ခွင့်လွှတ်ခြင်းအလှ တရားတွေကို ရှာဖွေတွေ့ရှိသွားမလဲဆိုတာကို ရိုက်ပြ ထားပါတယ်။

မင်းသမီး Erika Christensen က အမေဖြစ်သူ အယ် လန်အဖြစ် သရုပ်ဆောင်ထားပြီး၊ အဘွားဗာနာနေရာမှာ Penelope Ann Miller နဲ့ သမီးဟေလီနေရာမှာ Kiara Muhammad တို့က အားဖြည့်ထားကြပါတယ်။ ဒီကား လေးက ၂၀၂၅ နိုဝင်ဘာလတည်းက Digital (VOD)

စနစ်နဲ့ ထွက်ရှိထားတာဖြစ်လို့ မိသားစုချင်း စိတ်ဝမ်းကွဲ နေတာတွေကို ပြန်လည်ကုစားပေးမယ့် အေးအေးချမ်း ချမ်း ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။

ရုံတင်ဝင်ငွေ ရူပီး သန်းတစ်ထောင်ကျော်ထိရခဲ့တဲ့ တောင်ပိုင်းမင်းသမီးချော ဆမန်သာရုသ်ပရာဘူးရဲ့ အက် ရှင်ဇာတ်ကြမ်းရုံတင်ကားကြီး...
17/07/2026

ရုံတင်ဝင်ငွေ ရူပီး သန်းတစ်ထောင်ကျော်ထိရခဲ့တဲ့ တောင်ပိုင်းမင်းသမီးချော ဆမန်သာရုသ်ပရာဘူးရဲ့ အက် ရှင်ဇာတ်ကြမ်းရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါ တယ်။

မိဘတွေ သဘောမတူတဲ့ကြားက နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြပြီး အချိန်တစ်ခုရောက်တော့ မွေးရပ်မြေ ဆီ အရဲစွန့်ပြန်လာခဲ့ကြတဲ့ အာနီနဲ့ ဆွာနာ ။ အာနီက ဆရာဝန်တစ်ယောက် နောက်ခံကောင်းကောင်းနဲ့ ဆွာ နာကတော့ စီးပွားရေးဘွဲ့ရပေမဲ့ မွေးပြီးတည်းက မိဘမဲ့ မို့ ကိုယ့်ဇာတိတောင်ကိုယ် ဘာမှန်းမသိတဲ့လူဆိုတော့ အာ ့ဘက်က ရှေးရိုးစွဲအဘွားတွေက နှာခေါင်းရှုံ့ချင်

ကြတယ် ဒီလိုသဘောမတူမှုတွေကို ဆွာနာက အကောင်းဆုံးကျော်ဖြတ်မယ်ဆိုပြီး မွေးရပ်မြေဆီ ပြန်ခဲ့ ကြတယ်ဆိုပါတော့။ ဒါပေမဲ့ ဘယ်သူမှ မထင်ထားတဲ့ ဆွာနာရဲ့ ဖုံးကွယ်ထားတဲ့ ဘဝရဲ့

အရိပ်မည်းက ဆွာနာ့အိပ်မက် မိသားစုဘ၀လေးကို ဖျက်ဆီးဖို့ ပေါ်ပေါက်လာချိန်မှာတော့...။

လူငယ်တစ်ဦး အသတ်ခံရပြီးနောက် သူ၏ဝိညာဉ်သည် လောကထဲတွင် ကျန်ရစ်နေသည်။ သူချစ်ရသူအပေါ် ကျ ရောက်လာမည့် အန္တရာယ်ကို သတိပေးကာ ကာက...
16/07/2026

လူငယ်တစ်ဦး အသတ်ခံရပြီးနောက် သူ၏ဝိညာဉ်သည် လောကထဲတွင် ကျန်ရစ်နေသည်။ သူချစ်ရသူအပေါ် ကျ ရောက်လာမည့် အန္တရာယ်ကို သတိပေးကာ ကာကွယ် ရန် ကြိုးစားသော်လည်း၊ အသက်ရှင်သူများနှင့် တိုက်ရိုက် ဆက်သွယ်၍ မရနိုင်ပါ။ ထို့ကြောင့် မလိုလား သော်လည်း ဝိညာဉ်များကို မြင်နိုင်သော စိတ်ဝိညာဉ် ဆက်သွယ်သူ (Psychic) တစ်ဦး၏ အကူအညီဖြင့် အမှန် တရားကို ဖော်ထုတ်ပြီး ချစ်ရသူကို ကယ်တင်ရန် ကြိုးပမ်းသည့် သည်းထိတ်ရင်ဖို၊ လျှို့ဝှက်ဆန်းကြယ် အချစ်ဇာတ်လမ်း ဖြစ်

၁၉၉၃ ခုနှစ်ထွက် Green Snake ဆိုတဲ့ရုပ်ရှင်ကားလေး ဟာ ဟောင်ကောင်နာမည်ကျော်ဒါရိုက်တာ Tsui Hark ဂန္ထဝင်စိတ်ကူးယဉ်ရုပ်ရှင်တစ်...
16/07/2026

၁၉၉၃ ခုနှစ်ထွက် Green Snake ဆိုတဲ့ရုပ်ရှင်ကားလေး ဟာ ဟောင်ကောင်နာမည်ကျော်ဒါရိုက်တာ Tsui Hark ဂန္ထဝင်စိတ်ကူးယဉ်ရုပ်ရှင်တစ်ကား ဖြစ် ရိုက်ကူးထားတဲ့ ပါတယ်

:: Wang Zuxianı Maggie Cheungi :: Vincent Zhao & Wu Xingguo o သရုပ်ဆောင်မှုတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ ပိုမိုတန်ဖိုးထားခံရတဲ့

လက်ရာတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်တရုတ်ဒဏ္ဍာရီ မြွေဖြူကို အခြေခံထားပေမဲ့ ဒီဇာတ်ကားကတော့ မြွေစိမ်း ရှောင်ချင်းရဲ့ ရှုထောင့်ကနေ အချစ်၊ လောကဓံ၊ လူ့သဘာဝနဲ့ ကောင်းဆိုးအယူအဆတွေကို ဆန်းသစ်တဲ့ပုံစံနဲ့ ပြန်လည်ဖော်ပြထားတာဖြစ်ပါတယ် လှပတဲ့ ရုပ်ပုံ ဖန်တီးမှု၊ အရှေ့တိုင်းအလှတရားတွေနဲ့ အတွေးအခေါ် နက်ရှိုင်းတဲ့ ဇာတ်ကြောင်းတွေကြောင့် ဒီနေ့ချိန်ထိတရုတ်ရုပ်ရှင်လောကရဲ့ ဂန္ထဝင်လက်ရာတစ် ခုအဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်

ဒီဇာတ်လမ်းလေးထဲမှာ နှစ်ပေါင်းရာချီ ကျင့်ကြံလာခဲ့တဲ့ မြွေမိစ္ဆာညီအစ်မနှစ်ယောက်ဟာ လူအသွင်ပြောင်းပြီး လူသားလောကမှာ နေထိုင်ဖို့ ဆုံးဖြတ်ကြပါတယ် အစ်မဖြစ်သူ ပိုင်စုကျန်းက လူသားတစ်ယောက်ဖြစ်တဲ့ ရွှီ ရှန်းကို ချစ်မိပြီး အိမ်ထောင်ပြုလိုက်ပေမဲ့ ညီမဖြစ်သူ ရှောင်ချင်းကတော့ လူသားတွေရဲ့ စိတ်ခံစားချက်နဲ့အချစ်ဆိုတာကို နားမလည်သေးပါဘူး

တစ်ဖက်မှာလည်း မိစ္ဆာတွေကို နှိမ်နင်းဖို့ သန္နိဋ္ဌာန်ချ ထားတဲ့ ဘုန်းတော်ကြီးတစ်ပါးက လူနဲ့မိစ္ဆာတို့ရဲ့ ဆက်ဆံရေးကို လက်မခံဘဲ ပိုင်စုကျန်းတို့ကို အဆက်မပြတ် လိုက်လံနှိမ်နင်းနေပါတယ်

အဲဒီလို အန္တရာယ်တွေကြားမှာ ရှောင်ချင်းဟာ အချစ် မ နာလိုမှု စွန့်လွှတ်အနစ်နာခံခြင်းနဲ့ လူတွေရဲ့စိတ်ခံစား ချက်တွေရဲ့ အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာပါ တော့တယ်

နောက်ဆုံးမှာတော့ အချစ်အတွက် ဘယ်သူက ပေးဆပ် ရမလဲ လူသားနဲ့ မိစ္ဆာကြားက အချစ်ဇာတ်လမ်းဟာ ပျော်ရွှင်စွာ အဆုံးသတ်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက် ကြရအောင်

ဒီကားလေးကတော့ အရမ်းကို ကောင်းလွန်းတာကြောင့် အများကြီး သိပ်ညွှန်းဖို့ လိုမယ် မထင်ပါဘူး.ဘာကြောင့်လဲဆိုတော့ IMdB 8.3/10 နဲ့...
13/07/2026

ဒီကားလေးကတော့ အရမ်းကို ကောင်းလွန်းတာကြောင့် အများကြီး သိပ်ညွှန်းဖို့ လိုမယ် မထင်ပါဘူး.

ဘာကြောင့်လဲဆိုတော့ IMdB 8.3/10 နဲ့အော်စကာ ၅စု, ပြီးတော့ တခြားဆုပေါင်းများစွာ ရခဲ့လို့ပါပဲ.

ဇာတ်လမ်း အကျဉ်းကတော့ အလုပ်မှာလဲ အဆင်မ ပြေ.အိမ်က မိန်းမနဲ့ သမီးရဲ့ လေးစားခြင်းကိုလဲ မရတဲ့ လက်စတာဟာ တနေ့မှာ သမီး ဖြစ်သူရဲ့ သူငယ်ချင်းမ လေး ကို တွေ့သွားတဲ့အခါ ချစ်ကြိုက်မိသွားခဲ့ပါတယ်.အဲ့ အခါမှာလက်စတာဟာ သူမကို ရဖို့ကြိုးစားရင်း ဖြစ် ပျက်ခဲ့တာတွေ, သမီး ဖြစ်သူရဲ့ စိတ်ခံစားချက်တွေ, အိမ်ထောင်ရေးပဋိပက္ခတွေနဲ့,လူငယ်နဲ့ မိဘကြား

နားလည်မှုလွဲနေတာတွေကို ခံစားဖို့ ရိုက်ကူးပြသထား

တဲ့ မိသားစု ဒရာမာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါ

အရမ်းကြီး ညွှန်းလိုက်ရင် spoilဖြစ်မှာဆိုးလို ဒီလောက် နဲ့ပဲ ရပ်လိုက်ပါတော့မယ်....

တချို့ ဇာတ်ဝင်ခန်းတွေမှာ မိသားစုနဲ့အတူ ကြည့်ဖို့မ သင့်တော်တာကြောင့် ၁၈+အဖြစ် သတိပေးအပ်ပါတယ် ခင်ဗျာ

ဇာတ်လမ်းကတော့ ကီရာလာနဲ့ တမီးလ်နာဒူး နယ်စပ် က ဗေလန်ပါလေယမ်ဆိုတဲ့ ရွာလေးတစ်ရွာကနေ အစပြုခဲ့တာပါ အဲဒီရွာမှာ အူဒါယန် ခေါ် ဘာလ...
12/07/2026

ဇာတ်လမ်းကတော့ ကီရာလာနဲ့ တမီးလ်နာဒူး နယ်စပ် က ဗေလန်ပါလေယမ်ဆိုတဲ့ ရွာလေးတစ်ရွာကနေ အစပြုခဲ့တာပါ အဲဒီရွာမှာ အူဒါယန် ခေါ် ဘာလ်တီးဆိုတဲ့ ကောင်လေးရှိပါတယ်။ သူက ကာဘာဒီကစားနည်းမှာ အရမ်းပါရမီပါပြီး ထူးချွန် တဲ့ အားကစားသမားပေါ့။

ဘာလ်တီးတင်မဟုတ်ဘဲ သူ့သူငယ်ချင်းတစ်စုလုံးက လည်း အားကစားကို ရူးသွပ်ကြပြီး ရွာကိုယ်စားပြု ပွဲတိုင်းလိုလို နိုင်အောင် ဆော့နိုင်ကြ တယ်။ ဒါပေမဲ့ ပြဿနာက ပြိုင်ပွဲကြီးတစ်ခုမှာ သူတို့အသင်း အနိုင်ရလိုက်တဲ့ အချိန်ကစပြီး တစ်ဖွဲ့လုံး ရဲ့ဘဝတွေ ပြောင်းလဲ လာပါတော့တယ်။

ဒီအောင်ပွဲက သူတို့အတွက် ဂုဏ်ယူစရာဖြစ်မဲ့အစား ဒေသခံလူမိုက်တွေနဲ့ တရားမဝင် အတိုးကြီးစား ငွေချေးတဲ့ အမှောင်လောကရဲ့ မျက်စိကျစရာ ဖြစ်သွားခဲ့ တယ်။ ကွင်းထဲက ကစားပွဲကနေ ရုတ်တရက်ဆိုသလို အသက်လုရတဲ့ မြေအောက်လောက ရန်ပွဲတွေကြားထဲ သူတို့သူငယ်ချင်းတစ်စု ညှပ်ပူးညှပ်ပိတ်

ပါသွားရာက အားကိုးစရာမရှိဘဲ လူမိုက်ဂိုဏ်းတွေရဲ့ ရန် ကနေ မိမိကိုယ်မိမိရော၊ သူငယ်ချင်းတွေကိုပါ ကာကွယ်ဖို့ ဘာလ်တီးတစ်ယောက် ဘယ်လိုတွေ အကြမ်းပတမ်း တိုက်ခိုက်ပြီး ရုန်းထွက်မလဲဆိုတာကို

Gioia က အီတလီက မြို့လေးမှာနေတဲ့ လူလတ်ပိုင်း အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်ဆရာမတစ်ယောက်ဖြစ်ပါ တယ်။သူက ထိန်းချုပ်တတ်တဲ့ မွန်းက...
10/07/2026

Gioia က အီတလီက မြို့လေးမှာနေတဲ့ လူလတ်ပိုင်း အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်ဆရာမတစ်ယောက်ဖြစ်ပါ တယ်။

သူက ထိန်းချုပ်တတ်တဲ့ မွန်းကြပ်စရာ အမေအိုနဲ့အတူ နေရပြီးတော့ အသက်ကြီးနေပေမဲ့ အချစ်စစ်ရော လွတ်လပ်မှုကိုပါ မကြုံဖူးသေးတဲ့ သူတစ်ယောက်ပါ။

တစ်နေ့မှာ သူ့ကျောင်းက အထက်တန်းကျောင်းသား ဖြစ်တဲ့ ၁၈ နှစ်အရွယ် Alessio က Gioia ကို ပြင်သစ် စာသင်ပေးဖို့ အချိန်ပိုင်းငှားခဲ့ပါတယ်။

ဒါပေမဲ့ Alessio က တကယ်တော့ သူ့အမေအတွက် ပိုက်ဆံရှာပေးဖို့ ညဘက်မှာ လိင်လုပ်သားအဖြစ်နဲ့ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်ပါ။

သူ Gioia ကို ချည်းကပ်ခဲ့တာလည်း Gioia ပိုက်ဆံကို ခြူစားဖို့အတွက်ပါပဲ။

ဒါကို Gioia က Alessio အပေါ် တကယ့်စိတ်ရင်းနဲ့ ဂရုစိုက်ပြီး ချစ်လာချိန်မှာတော့ Gioia တစ်ယောက် သူ့ ရဲ့ လူမှုနေမှုအဆင့်အတန်းတက်ဖို့ ၊ ချမ်းသာဖို့လောဘ တွေနဲ့ Gioia ဆီက ရတဲ့ တကယ့်နွေးထွေးမှုတွေကြား သူ့ရဲ့ခံစားချက်တွေ ဝေခွဲမရဖြစ်လာပြီး နောက်ဆုံးမှာ ဘယ်လမ်းကို ရွေးချယ်သွားမလဲဆိုတာကို ဒီဇာတ်လမ်း ထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

Address

လှည်းတန်းလမ်းမ၊လှည်းတန်းcentreမျက်နှာချင်းဆိုင်
Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Cupid Private Cinema posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category