Max in Deutschland.Eu

Max in Deutschland.Eu 🇨🇳🇦🇪🇴🇲🇩🇪🇨🇭🇦🇹🇨🇿🇳🇱🇧🇪🇮🇹 🇭🇺🇸🇰🇱🇮🇪🇸🇫🇷🇱🇺 🇵🇹🇩🇰🇳🇴🇸🇪 German Language Instructor

ဗဟုသုတအနေနဲ့ မျှဝေခြင်းဖြစ်တယ်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ပြောဆိုခြင်းမဟုတ်ပါ။ဒီက ဆေးရုံတိုင်းမှာ သူနာပြုတွေက အချိန်...
24/07/2026

ဗဟုသုတအနေနဲ့ မျှဝေခြင်းဖြစ်တယ်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ပြောဆိုခြင်းမဟုတ်ပါ။
ဒီက ဆေးရုံတိုင်းမှာ သူနာပြုတွေက အချိန်ပြည့်လုပ်တဲ့သူရှိသလို ၊ရာခိုင်နှုန်းလျှော့လုပ်တတ်သူရှိကြတယ်။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက် နေမကောင်းလို့ခွင့်ယူတဲ့အခါ သူ့နရာအတွက် လူလိုအပ်တယ်၊ အဲလိုအချိန်မှာ မိမိက နားရက်ဖြစ်နေတဲ့အခါ၊ ဌာနမှူးက လုပ်နိုင်မလားမေးတဲ့အခါ ၊ လုပ်နိုင်တယ်ဆိုရင် အဲ့နေ့အတွက် ၁၅၀€ ရရှိပါမယ်။ ဆိုတော့က Max ဒီနေ့က ပိတိရက်၊ ဌာနက လုပ်ဖော်ကိုင်ဖက် ၂ယောက် နေမကောင်းတော့ ၊ နေ့ဆိုင်းဆင်းပေးရတယ်၊ Max ညဆိုင်း ၂ရက်ဆင်းထားတာ၊ မပင်ပန်းတဲ့အတွက်ကြောင့် လက်ခံလိုက်တာ။ ကျေးဇူးပါ။ အဲ့အတွက်ကြောင့် Max ရဲ့ ခန္ဓာကိုယ်ကို ကျေးဇူးအရမ်းတင်တယ်။

23/07/2026

ဘဲဥ၊ပုစွန် ငံပြာရည်ချက်နည်း နဲ့ ကံတက်ချဉ် အစား Vlog.
#

Max က အလုပ်မှာ ထမင်းဟင်း ပဲထည့်သွားဖြစ်တော့၊ လုပ်ဖော်ကိုင်ဖက်တွေက မနက်စာ ထမင်းပဲစားတာလား မေးတော့၊ အင်း ဒီမှာက ငါ့အတွက် မ...
23/07/2026

Max က အလုပ်မှာ ထမင်းဟင်း ပဲထည့်သွားဖြစ်တော့၊ လုပ်ဖော်ကိုင်ဖက်တွေက မနက်စာ ထမင်းပဲစားတာလား မေးတော့၊ အင်း ဒီမှာက ငါ့အတွက် မနက်စာ ထမင်းပဲ လွယ်တာ၊ ဒါပေမဲ့ မြန်မာ မှာဆို မနက်စာ ထမင်းမစားဘူးလို့၊ ငါတို့မှာ မနက်စာအတွက် အမျိုးအမည် ရာကျော်
လောက်ရှိတယ် ဆိုတော့ အေးမင်းတို့က မနက်၊နေ့လည်၊ည စာ ပူ”နွေး” စားရတာဆိုတော့ ကောင်းတယ်တဲ့။ Max လည်း ငါပိတ်ရက်တွေမှာတော့ မြန်မာအစားအစာချက်စားဖြစ်ပါတယ်လို့။ သူတို့က IG ပဲသုံးတော့ ၊ အဲမှာပဲ လည်း Story တင်၊ စာရေးတာရှည်သွားပြန်ပြီ။😆

မနက်စာ ငချိတ်ပေါင်းပူ”လေး ကို စားတော်ပဲပြုတ်၊ နှမ်းလှော်ထောင်း၊ သူနဲ့လိုက်ဖက်သော ဆီစိမ်းထားသော ငါ့ရံ့ခြောက်ဖုတ် သရက်ချဉ်သုပ် အကျန်လေးနဲ့ လွေး၊ မနက်စာ စားတော့ ၁၂ နာရီ ထိုးနေပြီ 😆😆

ဒီနေ့ညဆိုင်း ဂျင်းသုပ် နဲ့ ကျော်ဖြတ်၊ သူကလည်း အိပ်ချင်စိတ်ကို မတားဆီးနိုင်ပါ။ ဒီနေ့ Max ရဲ့ လူနာတွေငြိမ်လို့ ကျေးဇူးတင်ရ...
21/07/2026

ဒီနေ့ညဆိုင်း ဂျင်းသုပ် နဲ့ ကျော်ဖြတ်၊ သူကလည်း အိပ်
ချင်စိတ်ကို မတားဆီးနိုင်ပါ။ ဒီနေ့ Max ရဲ့ လူနာတွေငြိမ်လို့ ကျေးဇူးတင်ရမယ်၊ သောက်ဆေးတွေအားလုံးကို ၁ နာရီ အတွင်းအကုန်ပြင်ဆင်းပြီးတော့၊ လုပ်စရာ သိပ်မကျန်တော့ဘူး။

🎶Max မှာ လက်ဖက်နဲ့ အကြော်စုံရှိတယ် 🎶🎶🎶ဒီတစ်ခါ ညဆိုင်းမှာတော့ မအိပ်ချင်အောင် လက်ဖက်နဲ့ အကြော်စုံကို ရေနွေး ပူပူလေးနဲ့ လွေ...
21/07/2026

🎶Max မှာ လက်ဖက်နဲ့ အကြော်စုံရှိတယ် 🎶🎶🎶

ဒီတစ်ခါ ညဆိုင်းမှာတော့ မအိပ်ချင်အောင် လက်ဖက်နဲ့ အကြော်စုံကို ရေနွေး ပူပူလေးနဲ့ လွေး အဟိ၊ ညဆိုင်းကို ပိုကြိုက်နေသလိုပဲ၊ ဒါပေမဲ့ ၄ ညထိပဲ လုပ်နိုင်တယ် လူက ၃ညမြောက်ဆို ဂါနေပြီ။ မနက်ဆိုင်း ပိုအဆိုးဆုံးပဲ ၊ စော၂လည်းထရသေး ၊ရောက်တာနဲ့ တစ် Round စ၊ ၆:၃၀ စရင် ၁၀ နာရီမှ ပြီး၊ အခုတော့ အိပ်ချင်သလိုပဲ ၊ လက်ဖက်လည်း မကယ်နိုင်ဘူးထင်ပါရဲ့🤣🤣

ဒီနေ့ နေ့လည်စာအတွက် Max ဒီရောက်ပြီး တစ်ခါမှမချက်စားဖူးတဲ့ ဟင်းလျာ ဘဲဥ ငံပြာရည်ချက် နဲ့ တို့စရာ ကံတက်ချဉ်၊ ချက်နည်းနဲ့ စာ...
20/07/2026

ဒီနေ့ နေ့လည်စာအတွက် Max ဒီရောက်ပြီး တစ်ခါမှမချက်စားဖူးတဲ့ ဟင်းလျာ ဘဲဥ ငံပြာရည်ချက် နဲ့ တို့စရာ ကံတက်ချဉ်၊ ချက်နည်းနဲ့ စားတဲ့ Vlog လေးလည်း ရိုက်ထားတယ် 😀😀နောက်မှ တင်မယ်။ စားကြပါဦး 😊😊

မုန့်ဖတ် ၁ထုပ် ပြုတ်ထားပြီဆို မကုန်မချင်း စားရတာ 🤣ဒီနေ့ မနက်စာ တော့ နောက်ဆုံးလက်ကျန် ပဲကပ်ကြော်လေးနဲ့ ရခိုင်မုန့်တီ စားသ...
20/07/2026

မုန့်ဖတ် ၁ထုပ် ပြုတ်ထားပြီဆို မကုန်မချင်း စားရတာ 🤣ဒီနေ့ မနက်စာ တော့ နောက်ဆုံးလက်ကျန် ပဲကပ်ကြော်လေးနဲ့ ရခိုင်မုန့်တီ စားသုံးခြင်းဖြစ်ပါတယ်။
လူ့ဘဝဆိုတာ မိမိစားချင်တာ စားရ၊ အရာရာ မိမိစိတ်တိုင်းကျလုပ်နေရရင် အပျော်ဆုံးပဲမလား၊ စိတ်ညစ်စရာ တွေဆိုတာ ဝင်လာဖို့ မပြောနဲ့ ၊တံခါးတောင် အခေါက်မခံဘူး ၊ အာ့ကြောင့် ဒီနေ့ နဲ့ မနက်ဖြန် ညဆိုင်း ပျော်၂ကြီး လုပ်ပစ်လိုက်မယ်။ 🤣🤣 ကျေးဇူး။

မြန်မာလူမျိုး ဖြစ်ရတာ ကျေနပ်တယ်။😊မနက်စာ မုန့်ဖတ်ကို ငပိထောင်းရယ်၊ ပဲကပ်ကြော်နဲ့သုပ်၊ ရခိုင်မုန့်တီ ဟင်းရည် ထဲလည်းပဲကပ်ကြ...
19/07/2026

မြန်မာလူမျိုး ဖြစ်ရတာ ကျေနပ်တယ်။😊

မနက်စာ မုန့်ဖတ်ကို ငပိထောင်းရယ်၊ ပဲကပ်ကြော်နဲ့သုပ်၊ ရခိုင်မုန့်တီ ဟင်းရည် ထဲလည်းပဲကပ်ကြော်ထည့်၊ မြန်မာမှာက ရွေးချယ်စရာတွေ များတော့ မစားခဲ့ပေမဲ့။ ဒီမှာတော့ ၊ ဟင်းမချက်ချင်ရင် အဲဒါအမြန်ဆုံးပဲ 😁😁

16/07/2026

မိမိ ဘဝ မကျေနပ်တိုင်း ဘေးကလူကို အပြစ်မမြင်ဖို့ စာဖတ်ကြစို့။ 😊😊
အရာ”တိုင်းက အဆိုးနဲ့ အကောင်းဆိုတာ ရှိတာပဲ။

Hallo ihr Lieben 🥰 Max ဒီနေ့ အိမ်ကိုနေ့လည် ၁နာရီ ခွဲလောက်မှ ရောက်တာဆိုတော့ ထွေ၂ထူး၂ ချက်မနေဘဲ မြန်မာနိုင်ငံက မှာထားတဲ့ မ...
16/07/2026

Hallo ihr Lieben 🥰
Max ဒီနေ့ အိမ်ကိုနေ့လည် ၁နာရီ ခွဲလောက်မှ ရောက်တာဆိုတော့ ထွေ၂ထူး၂ ချက်မနေဘဲ မြန်မာနိုင်ငံက မှာထားတဲ့ မန်ကျီးချဉ် ကို ကြက်သွန်လေး လှီး၊ ငြုပ်သီးလှော်
ထောင်း၊ ငပိအနည်းငယ် ၊ဆားအနည်းငယ်နဲ့ ရေထည့်ပြီး ခေတ်စကားနဲ့ပြောရင် ရိုးရိုးရှင်းရှင်း ၊ ဗန်းစကားနဲ့ဆို မုဆိုးမ ဟင်း 😁 ချက်ပြီး ၊ ငါရံ့ခြောက်ဖုတ် ဆီစိမ် နဲ့ ဂျာမနီ နွေရာသီမှာ အညာဟင်းလေး နဲ့ မြိန်ရေ ယှက်ရေ စားပြီး ၊အရသာက နွေရာသီ ပူ၂လောင်၂ ပုဂံက ထန်းနောင်းပင်အောက်က ထမင်းဆိုင်မှာ စားနေရသကဲ့သို့ ခံစားမိပါရဲ့။ ဪ အစားအသောက်တွေကလည်း ဆန်းကြယ်ပါရဲ့။ အဲလောက်တောင်စိတ်ကို ဖမ်းစားနိုင်လေရဲ့။😊😊

Address

Frankfurter Straße
Yangon
35037

Website

Alerts

Be the first to know and let us send you an email when Max in Deutschland.Eu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share