Guaranty Natural Fertilizer

Call Directions Contact the establishment

Guaranty Natural Fertilizer Natural Fertilizer (သဘာ၀ မြေသြဇာ)
"မြေဆီလွှာတွေ မပျက်စီးစေဖို့ ... သဘာဝမြေသြဇာကို သုံးကြစို့"

24/10/2026

# အလှအပဆုံး လှည့်စားမှု အပိုင်း (၃)
# "The Grand Illusion" EPS 3

# Illustrated Audio Cinematic style
# Myanmar Ai Story
# All AI Workflow
# Myanmar AI Art
# Digital Storytelling
# Guaranty Natural Fertilizer
# Victoria

ကိုမြတ်မင်းစံ မမျှော်လင့်ဘဲ မြင်လိုက်ရတာကတော့ စံအိမ်ကြီးရဲ့ ဒုတိယထပ်မှာ ရှိတဲ့ မီးရောင်တွေ ထိန်လင်းနေတဲ့ သူ့ဦးလေးဦးဒိဗ္ဗရဲ့ စာကြည့်ခန်းကို မြင်လိုက်ရတာပါပဲ။ စာကြည့်ခန်းထဲမှာ ဦးဒိဗ္ဗသာ ရှိနေမယ်ဆိုရင် အလွန်အန္တရာယ်များတယ်လို့ သူတွေးမိလိုက်တဲ့အတွက် သူတစ်ကိုယ်လုံး တုန်လှုပ်သွားပါတော့တယ်။
ရထားလမ်းမှာ ရထားမလာတဲ့အချိန် ပန်းခြံမှာလူနည်းတဲ့အချိန် စက်ပစ်ကွင်းထဲမှာ သေနတ်ပစ်သူတွေချည်း ရှိနေတဲ့အချိန်မှာ တစ်စုံတစ်ယောက်ဟာ ဒီလင့်စင်ပေါ်အထိ သေနတ်ကိုယူလာပြီး သူ့ဦးလေးကို လုပ်ကြံမယ်ဆိုရင် ဘယ်လိုတွေဖြစ်မလဲလို့ သူတွေးမိတဲ့အတွက် ချက်ခြင်းပဲ ရထားသံလမ်းကိုကူးပြီး စံအိမ်တော်ဆီကို အပြေးအလွှားပြန်သွားပါတော့တယ်။ သူ့ဦးလေးအတွက် စိုးရိမ်စိတ်တွေလည်း ပြည့်နှက်နေပါတယ်။

 # အနုပညာပြတင်း # “ချယ်ရီပျိုးတဲ့ဆောင်း” ရုပ်ရှင်ဇာတ်ကားကြီး မီဒီယာမိတ်ဆက်FRENZO PRODUCTION က ရိုက်ကူးထုတ်လုပ်မယ့် “ချယ်...
24/10/2026

# အနုပညာပြတင်း
# “ချယ်ရီပျိုးတဲ့ဆောင်း” ရုပ်ရှင်ဇာတ်ကားကြီး မီဒီယာမိတ်ဆက်

FRENZO PRODUCTION က ရိုက်ကူးထုတ်လုပ်မယ့် “ချယ်ရီပျိုးတဲ့ဆောင်း” ရုပ်ရှင်ဇာတ်ကားကြီး မီဒီယာမိတ် ဆက်ပွဲ အခမ်းအနားကိုတော့ ရန်ကုန်မြို့က Pan Pacific Hotel မှာ ပြုလုပ်ခဲ့ပါတယ်။
“ချယ်ရီပျိုးတဲ့ဆောင်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းကို မယ်ခိုင် က ရေးသားရေးညွှန်းထားပြီး ဒါရိုက်တာ ကောင်းဇံက FRENZO PRODUCTION အတွက် တာဝန်ယူ ပုံဖော်ရိုက်ကူးပေးသွားမှာပဲ ဖြစ်ပါတယ်။
"ဘယ်နိုင်ငံဘယ်လောက်လှလှ ကိုယ့်ရဲ့ရှမ်းပြည်နယ် တောင်ကြီးကသာလျှင် အလှဆုံးလို့ ခံယူထားတဲ့သူဆိုတော့ ဒီလိုမျိုးကိုယ့်ရဲ့ရှမ်းပြည်နယ်အနှစ်သာရကို ဖော်ထုတ်ပြမယ့်ကားမှာ ပါဝင်ခွင့်ရတဲ့အတွက် အတိုင်းမသိဂုဏ်ယူဝမ်းမြောက်ပါတယ်။ မီးပုံးပျံ လွှတ်တဲ့ ဇာတ်ဝင်ခန်းတွေက အစစ်အမှန်မြင်ကွင်းတွေလိုချင်လို့ တကယ် မနှစ်က သွားရိုက်ထားသလို ဒီနှစ်မှာလည်း ရိုက်ကူးသွားမှာဖြစ်ပါတယ်၊ ဇာတ်ဝင်ခန်းမှာ ပါဝင်မယ့် မီးပုံးပျံပြိုင်ပွဲအတွက်ကိုလည်း ဝင်ပြိုင်ပြီးတော့ကို ရိုက်ကူးမှာဖြစ်ပါတယ်။ ‘တောင် ကြီး မီးပုံးပျံ ပွဲတော်အကြောင်းကို ပုံဖော်ခွင့်ရတော့မှာမို့ စိတ်လှုပ်ရှား မိပါတယ်။ ဒီလိုမျိုး စိတ်ကူးယဉ်ခဲ့တာ (၁၀) နှစ် ရှိပါပြီ” လို့အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
“ချယ်ရီပျိုးတဲ့ဆောင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ လွင်မိုး ၊ အကယ်ဒမီ စိုင်းစိုင်းခမ်းလိုင် ၊ စိုင်းစည်တွမ်ခမ်း ၊ စိုင်းဘိုဘို ၊ ဝင်းခန့်မိုး ၊ အကယ်ဒမီ မျိုးသန္တာထွန်း ၊ နော်ဖောအယ်ထား ၊ ယွန်းဝတီလွင်မိုး ၊ မြတ်ရတနာ ကျော် နဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

24/10/2026

ရာသီချိန်ခါ သတင်းလွှာ (24.10.2026- 30.10.2026)
စိုက်ပျိုးရေးအကျိုးပြု အပတ်စဉ် မိုးလေဝသ သတင်းစဉ်

လေဖိအားနည်းရပ်ဝန်းမှသည် မုန်တိုင်းငယ်

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိလာနိုင်တယ်လို့ မိုး/ဇလက စိုက်ပျိုးရေးမိုးလေဝသ သတင်းအနေနဲ့ထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာ မိုးလေဝသ သတင်းအချက်အလက်တွေကနေ သုံးသပ်ထားတဲ့ သတင်းတွေအရ အောက်တိုဘာ ၂၃ ရက်လောက်မှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ အလယ်ပိုင်းအရှေ့ဘက် တို့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်အားကောင်းလာနိုင်ပြီး ယနေ့မှာ မုန်တိုင်းငယ်အဆင့်ကို ကူးပြောင်းနိုင်တယ်လို့ ဦးဝင်းနိုင်ကလည်း တင်ပြထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ ပိုမို အားကောင်းလာနိုင်ခြေ ရှိလာနိုင်ပြီး မုန်တိုင်း ဗဟိုချက်အနေနဲ့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းက‌နေ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဩရိဿ သို့မဟုတ် ဘင်္ဂလားဒေ့ရှ် ကမ်းလွန် အနောက်မြောက်/မြောက် ဘက်သို့ ဦးတည်ရွေ့လျားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေသလို မြန်မာနိုင်ငံအပေါ် သက်ရောက်မှုအနေနဲ့ မိုးရွာသွန်းမှုတွေ ရှိလာနိုင်ပါတယ်။

မိုးလေ မကင်းလွတ်နိုင်တဲ့ သီတင်းကျွတ် ဖြစ်လေမလား

မုန်တိုင်းအဖြစ် အားကောင်းလာနိုင်ချိန်မှာ စိုစွတ်တဲ့ လေကြောင်းများ ဝင်ရောက်လာမှုနဲ့ မုန်တိုင်းအရံတိမ်တန်းများကြောင့် မိုးရွာသွန်းမှုတွေ ရှိလာနိုင်ပါတယ်။ အောက်တိုဘာ ၂၅ ရက် လောက်မှာ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်တယ်လို့ ဦးဝင်းနိုင်က သုံးသပ်ထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်း - မုန်တိုင်းအရှိန်ကြောင့် လေပြင်းများ တိုက်ခတ်နိုင်ပြီး နေရာကွက်ကျား မိုးကြီးနိုင်ပါတယ်။

မိုးရွာသွန်းမှုတွေ ရှိလာနိုင်တဲ့ ကယား၊ ကရင်၊ မွန်

အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အတွင်း ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ မိုးရွာသွန်းမှု ပိုမိုအားကောင်းနိုင်တယ်လို့ သိရပါတယ်။

ရိတ်သိမ်းချိန် မိုး သတိပြုဖွယ်

အောက်တိုဘာ ၂၅ ရက် မိုးရွာသွန်းမှု အရှိန်ရှိလာနိုင်ပြီး မိုးစပါး ရိတ်သိမ်းချိန်နဲ့ ရိတ်သိမ်း သီးနှံများ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေကို သတိပြုဖို့ လိုပါတယ်။

နေရာကွက်ကျား မိုးရွာသွန်းနိုင်တဲ့ ဒေသတွေ

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ဒေသတွေမှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

ဆောင်းသီးနှံအတွက် သတိပြုဖွယ်

ဆောင်းသီးနှံ ပဲမျိုးစုံ၊ နှမ်း၊ ကြက်သွန် စိုက်ပျိုးရေးအတွက် အောက်တိုဘာ လကုန်ပိုင်းလောက်အထိ ခေတ္တစောင့်ဆိုင်းဖို့ ဦးဝင်းနိုင်က အကြံပြုထားပါတယ်။ မြေဆီလွှာ ရေပြည့်ဝမှု များနေပါက မျိုးစေ့များ ပုပ်သိုးခြင်းမှ ကာကွယ်ရန် မိုးအခြေအနေ ငြိမ်သက်မှသာ စိုက်ပျိုးရန် ၎င်းက တိုက်တွန်းထားပါတယ်။

မိုးလွန်ကာလမှာ အချိန်အခါမဟုတ် မိုးရွာနိုင်ဖွယ်တွေ ရှိနေ

အောက်တိုဘာလကုန်ပြီးနောက် မိုးလွန်ကာလ အဆုံးသတ်ချိန် နိုဝင်ဘာလအတွင်းမှာ အချိန်အခါမဟုတ် မိုးတွေ ရွာသွန်းနိုင်ဖွယ်ရှိတယ်လို့ ဦးဝင်းနိုင်က သုံးသပ်တင်ပြထားပါတယ်။ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့ရင် မြန်မာနိုင်ငံမှာ အချိန်အခါမဟုတ်တဲ့ မိုးတွေ ရွာသွန်းတတ်ပါတယ်။ ဒါ့အပြင် အယ်လ်နီညို အားကောင်းပြီး အားအလွန် ကောင်းတဲ့ကာလ ရောက်လာတဲ့အခါ မုန်တိုင်းဖြစ်ပေါ်မှုမှာလည်း မူမမှန်နိုင်ဘဲ မိုးရွာသွန်းမှုပုံစံတွေ အမျိုးမျိုးပြောင်းလဲနိုင်တဲ့အတွက် ပုံမှန်ရာသီဥတု အခြေအနေလို စိတ်ချရတဲ့ ရာသီဥတု ဖြစ်စဥ် မဟုတ်ဘူးလို့ သိရပါတယ်။

အမြင့်ဆုံးအပူချိန်

အမြင့်ဆုံးအပူချိန် ခန့်မှန်းချက်အနေနဲ့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ ၉၁ ဒီဂရီဖာရင်ဟိုက်မှ ၁၀၀ ဒီဂရီဖာရင်ဟိုက်အတွင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ၈၁ ဒီဂရီဖာရင်ဟိုက်မှ ၉၀ ဒီဂရီဖာရင်ဟိုက်အတွင်း ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ ၇၁ ဒီဂရီဖာရင်ဟိုက်မှ ၈၀ ဒီဂရီဖာရင်ဟိုက်ကြား ရှိနိုင်ပါတယ်။

အနိမ့်ဆုံးအပူချိန် ခန့်မှန်းချက်

အနိမ့်ဆုံး အပူချိန် ခန့်မှန်းချက်မှာ ချင်းပြည်နယ်မှာ ၅၂ ဒီဂရီဖာရင်ဟိုက်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ ၆၁ ဒီဂရီဖာရင်ဟိုက်မှ ၇၀ ဒီဂရီဖာရင်ဟိုက်ကြား၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ ၇၁ ဒီဂရီဖာရင်ဟိုက်မှ ၈၀ ဒီဂရီဖာရင်ဟိုက်ကြား ရှိနိုင်ပါတယ်။

အနည်းငယ် ပြန်လည်ကျဆင်းတဲ့ ရွှေ

ကမ္ဘာ့ရွှေဈေးဟာ သောကြာနေ့ညနေမှာ တအောင်စကို ၄၀၉၀ ဒေါ်လာခန့်ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ အသင်း ရည်ညွှန်းဈေး မဟုတ်တဲ့ ရွှေတစ်ကျပ်သားရဲ့ ပြင်ပ ပေါက်ဈေးဟာ စနစ်သစ်ဈေးမှာ သိန်း ၁၀၀ စွန်းစွန်းမှာပဲ ရှိနေပြီး (၁ ကျပ်သား = ၁၆.၃၂၉၃၂၅ ဂရမ်) ဖြစ်ပါတယ်။ စနစ်ဟောင်းဈေးကတော့ သိန်း ၁၀၀နဲ့ ၃ သောင်း (၁ ကျပ်သား = ၁၆.၆၀၆ ဂရမ်) ဝန်းကျင်ခန့် ဖြစ်ပါတယ်။ ဒေါ်လာ ပြင်ပပေါက်ဈေးကတော့ ရုတ်တရက် မြင့်တက်ခဲ့ပေမဲ့ ၄၆၆၀ ကျပ်ခန့် ဖြစ်ပါတယ်။

95 နဲ့ ဒီဇယ်ဆီ ဈေးနည်းနည်းပြန်ကျ

အောက်တိုဘာလ ၂၄ ရက်နေ့ ရန်ကုန်မြို့ စက်သုံးဆီဆိုင်တွေရဲ့ လက်လီအရောင်းဈေးကွက်မှာ 92 တစ်လီတာဈေးနှုန်းဟာ ၄၇၁၅ ကျပ်၊ 95 တစ်လီတာ ၄၈၃၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၄၄၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၅၃၇၅ ကျပ်ဖြစ်ပါတယ်။ ဓာတ်ဆီဈေးကတော့ အရင်တစ်ပတ်ကထက် ထပ်တက်လာတာဖြစ်ပါတယ်။ ဒီဇယ်ဈေးကတော့ အနည်းငယ် ပြန်ကျပါတယ်။ စက်သုံးဆီဈေး တက်တာနဲ့အမျှ ကုန်စည်စီးဆင်းမှုနဲ့ သယ်ဆောင်မှုတွေဟာ သယ်ယူပို့ဆောင်စရိတ်တွေ ကြီးမြင့်လာမှာ ဖြစ်ပြီး ကုန်ဈေးနှုန်း အဆမတန် တက်ခြင်းရဲ့ အဓိက အခြေခံ အချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။

Source: Win Naing (မိုးလေဝသ)
: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
မြေဆီလွှာမပျက်စီးစေဖို့ သဘာဝမြေသြဇာကို သုံးကြပါစို့
မြေဆီလွှာ ပြန်လည်ကောင်းမွန်စေဖို့ သဘာဝမြေသြဇာကို သုံးကြပါစို့
အရောင်းကိုယ်စားလှယ်များကို ဖိတ်ခေါ်အပ်ပါတယ်၊

#ဂရန်တီသဘာဝမြေသြဇာ (အော်ဂဲနစ်မြေသြဇာ) FB Page မှာ စုံစမ်းနိုင်ပါတယ်၊









23/10/2026
 # အနုပညာပြတင်း #လမ်းပြကြယ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲ  ကန်တော့ပွဲပေး Yee Mon Aung Film Production က ရိုက်ကူးထုတ်လုပ်မယ့်...
23/10/2026

# အနုပညာပြတင်း
#လမ်းပြကြယ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

Yee Mon Aung Film Production က ရိုက်ကူးထုတ်လုပ်မယ့် လမ်းပြကြယ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကို ရန်ကုန်မြို့ တောင်ဥက္ကလာပရှိ တောင်ဥက္ကလာပ စေတီတော်ကြီးမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
လမ်းပြကြယ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းကို ဒါရိုက်တာ ဝိဒ က ရေးသားထားခြင်းဖြစ်ပြီး အဲရစ်လင်း က ဇာတ်ညွန်းရေးညွှန်းထားကာ ဒါရိုက်တာ ဝိဒ က Yee Mon Aung Film Production အတွက် တာဝန်ယူ ပုံဖော်ရိုက်ကူးပေးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
“လမ်းပြကြယ်မှာ မေနှင်းထက်ကာရိုက်တာနဲ့ ပါဝင်မှာဖြစ်ပါတယ်။ မေနှင်းထက်က အရမ်း Strong ဖြစ်တယ်။ ပေါ့ပေါ့ပါးပါးနဲ့ ယောက်ျားသားဆန်ဆန် ချစ်စရာကောင်မလေးပါ။ ဇာတ်လမ်းပုံစံလေးကမဆိုးဘူး။ ပရိသတ်အကြိုက်တွေ့မှာပါ။ ဒီဇာတ်လမ်းတွဲ ထွက်လာရင်လည်း ဝေဖန်ကြည့်ရှုအားပေးကြပါဦးလို့ပြောချင်ပါတယ်” လို့ သရုပ်ဆောင် ဥဩသံသာက ပြောပါတယ်။
Yee Mon Aung Film Production က ရိုက်ကူးထုတ်လုပ်မယ့် လမ်းပြကြယ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို Fortune TV ရုပ် မြင်သံကြားလိုင်းက ထုတ်လွှင့်ပြသပေးမှာဖြစ်ပြီး သရုပ်ဆောင်တွေအဖြစ် ကောင်းမြတ်စံ၊ ဥဩသံသာ၊ ပိုးထက်သိမ်မွှေ့၊ ထူးသာ၊ သာသာ၊ ကလေးသရုပ်ဆောင် ဝီလီ၊ ခေတ်မြတ်ရွှေသုန် နဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ကြောင်း လည်း သိရပါတယ်။

 # ရုံတင်ရုပ်ရှင်ဇာတ်ကားကြီး စာညွှန်း #မတန်မရာ ရုပ်ရှင်ဇာတ်ကားကြီး မှော် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ မတန်မရ...
23/10/2026

# ရုံတင်ရုပ်ရှင်ဇာတ်ကားကြီး စာညွှန်း
#မတန်မရာ ရုပ်ရှင်ဇာတ်ကားကြီး

မှော် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ မတန်မရာ ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင် ရုံတွေပေါ် တက်လာ တော့မှာပဲ ဖြစ်ပါတယ်။
မတန်မရာ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဝတ္ထုဇာတ်လမ်းကို ဒါရိုက်တာ မင်းဆက်သစ်က ရေးသားရေးဖွဲ့ထားခြင်းဖြစ်ပြီး အင်ကြင်းဟန် က ဇာတ်ညွှန်းရေးညွန်းထားကာ ဒါရိုက်တာ မင်းဆက်သစ် က မှော် ရုပ်ရှင်ထုတ်လုပ်ရေးအတွက် တာဝန်ယူ ပုံဖော်ရိုက်ကူးပေးထားခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။
“လူတွေဟာ ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေကိုပဲ မျှော်လင့်သင့်တယ်။ ကိုယ်နဲ့ထိုက်တန်မှုမရှိတဲ့ မတန်မရာအရာကို ၊ မတန်မရာ ဘဝကို မှန်းမိရင် ဘာဖြစ်တတ်လဲဆိုတာကို အသည်းတယားယား ရင်တမမနဲ့ ထိုင်ခုံက မထချင်ဘဲ ကြည့်ရှုကြရမယ့်ရုပ်ရှင် ဇာတ်ကားကြီး လို့ပြောချင်ပါတယ်။ " မိုးမြင့်စံ" ဆိုတဲ့ အထက်တန်းလွှာက လှပကျော့ရှင်းပြီး ကြောက်စရာကောင်းတဲ့ မိန်းမတစ်ယောက်၊ ဘယ်လို မတန်မရာ ဘဝကိုလိုချင်ခဲ့လို့ ဘယ်လိုပြုတ်ကျရမှာလဲဆိုတာကို အသည်းတယားယား ရင်တမမ ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်” လို့ ဒါရိုက်တာ မင်းဆက်သစ် က ပြောပါတယ်။
မှော် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ မတန်မရာ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင်တွေအဖြစ် အကယ် ဒမီ နေတိုး၊ အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ဝင်းသပြေထွန်း၊ ချာလီငြိမ်း၊ အဒီရာဦး၊ Cruella ၊ ဝင်းခန့် ကျော်နှင့် အနုပညာရှင်များစွာ ပါဝင်ထားကြောင်းလည်း သိရပါတယ်။

 # ရုံတင် ရုပ်ရှင်ဇာတ်ကားကြီး စာညွှန်း #  “ဇွန်ဘီပလာဇာ” ရုပ်ရှင်ဇာတ်ကားကြီးMEGA MOE Film Production x HEIN Production တိ...
22/10/2026

# ရုံတင် ရုပ်ရှင်ဇာတ်ကားကြီး စာညွှန်း
# “ဇွန်ဘီပလာဇာ” ရုပ်ရှင်ဇာတ်ကားကြီး

MEGA MOE Film Production x HEIN Production တို့ ပူးပေါင်းစီစဉ်ထုတ်လုပ်တဲ့ “ဇွန်ဘီပလာဇာ” ရုပ်ရှင်ဇာတ်ကားကြီးကတာ့ မကြာမီ ရုံတွေပေါ်တက်လာတော့မှာပဲ ဖြစ်ပါတယ်။
“ဇွန်ဘီပလာဇာ” ရုပ်ရှင်ဇာတ်ကားကြီး၏ ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို လဲ့ရည်နိုင် က ရေးသားရေးညွှန်းထားပြီး ဒါရိုက်တာ အောင်မြတ်က MEGA MOE Film Production x HEIN Production အတွက် တာဝန်ယူ ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
လူစည်ကားတဲ့ ဈေးဝယ်ပလာဇာတစ်ခုမှာ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် လူတွေ တစ်ယောက်ပြီး တစ်ယောက် ဇွန်ဘီ တွေအဖြစ် ပြောင်းလဲသွားတဲ့အခါ ပလာဇာအတွင်း ပိတ်မိနေသူတွေအားလုံး လွတ်မြောက်ဖို့ အတူကြိုးစားကြရင်း သူတို့အားလုံးရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ။ ဒီပလာဇာထဲကနေရော။ အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလား။ အသက်ဘေးနဲ့ကြောက်ရွံ့မှုတွေကြား သစ္စာနဲ့ သံယောဇဉ်တွေကိုပါ စမ်းသပ်လာမယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံးZombie ရုပ်ရှင် “ဇွန်ဘီပလာဇာ”ရုပ်ရှင် ဇာတ်တ်ကားကြီးကို ရုံတင်ပြသတဲ့အခါ အဖြေထုတ်ကြရမှာပဲ ဖြစ်ပါတယ်။
MEGA MOE Film Production x HEIN Production တို့ ပူးပေါင်းစီစဉ်ထုတ်လုပ်တဲ့ “ဇွန်ဘီပလာဇာ”ရုပ်ရှင်ဇာတ်ကားကြီး မှာ တော့ သရုပ်ဆောင်တွေအဖြစ် တိုင်ရွန် ၊ ထူးအောင် ၊ ဖြိုးငွေစိုး ၊ အောင်ရေချမ်း ၊ နေထွဋ် ၊ သိန်းလင်းစိုး ၊ ဖုန်းသီရိကျော် ၊ မြတ်လာရာရ်ထွန်း ၊ ဆင်မ ၊ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံ ၊ ဂျိုကာနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

 # အနုပညာပြတင်း #  အရိုင်းစံပယ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ကန်တော့ပွဲပေး Forever Group ရိုက်ကူးထုတ်လုပ်မယ့် အရိုင်းစံပယ် ...
22/10/2026

# အနုပညာပြတင်း
# အရိုင်းစံပယ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

Forever Group ရိုက်ကူးထုတ်လုပ်မယ့် အရိုင်းစံပယ် အမည်ရှိ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကို စွယ်တော်မြတ်စေတီ (ရန်ကုန်)မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အရိုင်းစံပယ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲကတော့ ၁၉၆၀ ပြည့်နှစ် စာပေဗိမာန်ဆုရ စာရေးဆရာကြီး အောင်လင်းရဲ့ အရိုင်းစံ ပယ် ဝတ္ထုကို Aeternum Creative အဖွဲ့က ဇာတ်ညွှန်းရေးညွှန်းထားပြီး ဒါရိုက်တာ ပီပီအဏ် က တာ ဝန်ယူ ပုံဖော် ရိုက်ကူးသွား မှာပဲ ဖြစ်ပါတယ်။
“အရိုင်းစံပယ်က တစ်ချိန်က ဦးထွန်းဝေနဲ့ အန်တီ ဝါဝါဝင်းရွှေတို့ရိုက်ခဲ့သလို နောက် ဦးကျော်သူ၊ အန်တီမို့မို့မြင့်အောင်နဲ့ အန်တီ တင့်တင့်ထွန်းတို့ ရိုက်ခဲ့တယ်။ ကျွန်တော်တို့ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ အရိုင်းစံပယ် ဇာတ်ကို ပြန်လည်ရိုက်ကူးရတာမို့ဝေဖန်သံရော၊ ကဲ့ရဲ့သံတွေရော၊ ချီးကျူးသံရော တစ်ပြိုင်တည်း ပြန်ကြားရမယ်လို့လည်း ထင်ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားတယ်ဆိုတာ ထက် သူများဖန်တီးထားတာကို ပြန်ပြီး ပုံဖော်ရတော့ သူများဖန်တီးထားတဲ့ အနုပညာကိုလည်း မပျက်စီးမထိခိုက်အောင်၊ ဒီ ဘက်ခေတ်လူငယ်တွေနဲ့လည်း ကြည့်ရင်တော့ ပိုကောင်းအောင် သေချာရိုက်ကူးရမှာပါ။ ကျွန်တော်ကိုယ်တိုင်က Challenge ဖြစ်စေတဲ့ ဇာတ် တွေရိုက်ရတာကို ပိုသဘောကျတယ်။ ဒါမှလည်း လွယ်ကူတဲ့ဇာတ်တွေမရိုက်ချင်ဘူး။ ခက်တဲ့အရာတွေ တာဝန် ကြီးတာတွေကို လုပ်ဆောင်ရတာ သဘောကျလို့ ဒီ အရိုင်းစံပယ်ဇာတ်ကို ရိုက်ဖြစ်တာပါ”လို့ ဒါရိုက်တာ ပီပီအဏ်က ပြောပါ တယ်။
အရိုင်းစံပယ် ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်တွေအဖြစ် မင်းဘုန်းမြတ်၊ ဘုန်းရှိန်ခန့်၊ ဟိန်းရတု၊ နန်းစန္ဒာလှထွန်း၊ နော်ဖောအယ်ထား၊ ဆက်ယွန်းတွယ်တာ၊ ရာဇာထွန်း၊ ရွှေပုံ၊ မေမြန်မာ၊ ထူးသာ၊ အကယ်ဒမီ ဝါဝါအောင်၊ အေးသီတာနဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်ကြမည် ဖြစ်ပြီး MRTV-4 နှင့် Pyone Play Application တို့မှ ထုတ်လွှင့်ပြသပေးသွားမှာပဲ ဖြစ်ပါ တယ်။

 # အနုပညာပြတင်း # “အတ္တမှောင်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး ကြည်နူးစေ ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ထုတ်လုပ်တဲ့  “အတ္တမ...
20/10/2026

# အနုပညာပြတင်း
# “အတ္တမှောင်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး

ကြည်နူးစေ ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ထုတ်လုပ်တဲ့ “အတ္တမှောင်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားကို တော့ ရန်ကုန်မြို့က မဟာဝိဇယ စေတီတော်တော်ကြီးမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
“အတ္တမှောင်” ရုပ်ရှင်ဇာတ်ကားကြီးဟာ စာရေးဆရာမ မဧကံ ရဲ့ လုံးချင်းဝတ္ထုကို အေးကြည်သာဟန်က ဇာတ်ညွှန်းရေးညွှန်းထားကာ ဒါရိုက်တာ ပြည့်ဖြိုးဟန် က ကြည်နူးစေ ရုပ်ရှင်ထုတ်လုပ်ရေးအတွက် တာဝန်ယူ ပုံဖော်ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။
“သဇင့်အနေနဲ့ ဒါရိုက်တာ ပြည်ဖြိုးဟန်က ရိုက်မယ်ဆိုတာရယ် ကိုယ့်ရဲ့ စီနီယာတွေဖြစ်တဲ့ ကိုညီထွဋ်ခေါင်ရယ်၊ မမေမီလည်းပါသလို ကိုထူးအောင်လည်း ပါတယ်ဆိုတော့လေ။ အကုန်လုံးက သဇင်ရဲ့ Senior Actor လေးဖြစ်တယ်။ နောက်ဖြစ်ချင်တော့ မဂျိုးကအဖွဲတွေ ပြန်ဆုံတယ်။ အတွေ့အကြုံအသစ်တွေလည်းရမှာပါ။ ဇာတ်လမ်းလေးက ဆရာမ မဧကံရဲ့ ဝတ္ထုမို ပရိသတ်အ ကြိုက်တွေ့မှာပါလို ပြောချင်ပါတယ်”လို့ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်မယ့် သရုပ်ဆောင် သဇင်နွယ်ဝင်းက ပြောပါ တယ်။
“အတ္တမှောင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်တွေအဖြစ် ထူးအောင်၊ မေမီကိုကို၊ ပက်စီစိုး၊ သဇင်နွယ်ဝင်း၊ အဒီရာဦး၊ ဇွန် ဝေယံ၊ ယုဂံ အထူးဧည့်သည်သရုပ်ဆောင် ညီထွဋ်ခေါင်၊ ဖူးစုံ နဲ့ အနုပညာရှင်များစွာ ပါဝင်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။

19/10/2026

# အလှအပဆုံး လှည့်စားမှု အပိုင်း (၂)
# "The Grand Illusion" EPS 2

သူဌေးကြီး ဦးဒိဗ္ဗပိုင်ဆိုင်တဲ့ စက်ပစ်ကွင်းဟာ ကိုမြတ်မင်းစံ ခေတ္တ တည်းခိုနေထိုင်တဲ့အခန်း ဝရံတာကနေ လှမ်းကြည့်ရင် ရှင်း ရှင်းလင်းလင်း ပြတ်ပြတ်သား မြင်ရပါတယ်။ သူဌေးကြီး ဦးဒိဗ္ဗပိုင်ဆိုင်တဲ့ စက်ပစ်ကွင်း (သေနတ်ကွင်း)ဟာ သူဌေးကြီးရဲ့ စံအိမ် တော်ကြီးရဲ့ အနောက်ဘက်မှာပဲ ရှိပါတယ်။ စံအိမ်တော်ကြီးနဲ့ စက်ပစ်ကွင်းကြားမှာ ရထားလမ်းကခြားနေပါတယ်။ စက်ပစ်ကွင်းမှာ သေနတ်ပစ်လေ့ကျင့်တဲ့သူတွေက နည်းပါးပါတယ်။ အများအားဖြင့်တော့ စက်ပစ်ကွင်း ထဲမှာ ရှိနေတဲ့ ရေကန်ကြီးနဲ့ပန်းခြံမှာ အပန်းဖြေလာရောက်သူတွေ များပြားတာပဲ ဖြစ်ပါတယ်။

# Illustrated Audio Cinematic style
# Myanmar Ai Story
# All AI Workflow
# Myanmar AI Art
# Digital Storytelling
# Guaranty Natural Fertilizer
# Victoria

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 11:30

Telephone

+9595112150

Website

Alerts

Be the first to know and let us send you an email when Guaranty Natural Fertilizer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Guaranty Natural Fertilizer:

Shortcuts

Share