10/04/2026
Maleficent (2014) ကို M - Movie တွင် ကြည့်လို့ရပြီ
ဇာတ်လမ်းအညွှန်း :
Maleficent ဆိုတာ ကာတွန်းကာ ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်းဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ဝင်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက်ကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိးမသေပဲနှစ်တစ်ရာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ နိုးမယ်လို့ ဆုတောင်းပေးခဲ့ပါတယ်။ဒီကားကတော့ Sleeping Beauty ဇာတ်လမ်းကို Maleficent ဆိုတဲ့မှော်ဆရာမ နေရာကနေရိုက်ကူးထားပြီး အပြောင်းအလဲလေးလုပ်ထားပါတယ်။
Comment တွင် ဇာတ်ကား link ကိုကြည့်ပါ။
Website မှ တစ်ဆင့်ရှာဖွေရန် 👇🏼
www.mmovie.site